Latest Post

HTML ကိုလေ့လာမယ်
1.Starting To Creat and Edit Webpage
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။
ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။

၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word
Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း

၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။

<html>
<head>
<title>This is title</title>
</head>
<body>
This is body
</body>
</html>

HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code
တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title
ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင်
တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box
တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည်
မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို
.html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file
လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။

ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။

ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar
တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile
ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင်
တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော
စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြင်မယ်ဆိုရင်တော့
IE7 , 8 , 9 မှာဆိုရင်
Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6 မှာဆိုရင်
View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
Mozila မှဆိုရင်တော့ View Page Source ကိုနှီပ်လိုက်ပါ ရေးထားတဲ့ Html ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save
လုပ်လို့မရပါဘူး။
Header Tag

notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html>
<head>
<title>Example Of Header</title>
</head>
<body>
<h1>This is Header</h1>
This is normal text
</body>
</html>
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က
h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ
လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင်
တွေ့ရပါလိမ့်မယ်။

<html>
<head>
<title>Example</title>
</head>
<body>
<h1>H1</h1>
<h2>H2</h2>
<h3>H3</h3>
<h4>H4</h4>
<h5>H5</h5>
<h6>H6</h6>
</body>
</html>
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ
ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။ ဒါပေမယ့် လိုအပ်တာတွေ
ရှိသေးတာပေါ့။ နောက်ပို့ စ်မှာဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ ဆက်ပြောပါမယ်။ လွယ်ပါတယ်။

HTML မိတ်ဆက်
ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။
ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepage များကို အလွယ်တကူ
ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။ အလွယ်ရှင်းရရင်တော့ Internet ဆိုတာ
ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information
တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက
ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့ ကြည့်ရှုရပါတယ်။ Web Broswer
Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။
HTML History
1989 ခုက Tim Berners-L** နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန် မယ့်
နည်းလမ်းကို ရှာဖွေခ့ပဲါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-L** ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး
Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခ့ပဲါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ
Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခ့ပဲါသည်။ Berners-L** ရဲ့
နည်းပညာကို Hyber Text Markup Language ဆိုတဲ့ HTML ပါပဲ။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။
ဘယ်လိုမျိုးလဲဆိုရင်တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold
ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b> နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ
ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ တချို့ကတော့ Dreamweaver ကြိုက်ကြပါတယ်။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့ HTML
code တွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ
သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code
တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web site
ဆွဲရတဲ့ အထမှဲာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။ သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web
programming တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ အထောက်အကူဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်
ကိုဖြိုး(ဧရာမြေ)
http://www.ayarmyay.site40.net
http://www.futurestars-mm.com

ဒဒွေးမပေါ်တဲ့ ပြဿနာများ Photoshop မှာ ဒဒွေးမပေါ်လျှင် ပေါ်အောင်ဖြေရှင်းနည်းကို ဒီဇိုင်နာနဂါး ရေးခဲ့ဘူးပါတယ်။ Illustrator, Indesign, Coreldraw တွေမှာလဲ မြန်မာစာရိုက်သောအခါ ဒဒွေးမပေါ်ပဲ လလေးပဲပေါ်ပါတယ်။ အခု Photshop တင်မကဘူး Illustrator, Indesign, Coreldraw တွေမှာလဲ ဒဒွေးပေါ်အောင်ဘယ်လိုလုပ်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ Photshop မှာ ဒဒွေးရိုက်လို့ ဒ မပေါ်ပဲ လ ပေါ်လျှင် အပေါ်ဆုံး Menu bar မှာရှိတဲ့ Edit > Preferences >Type… ကိုဖွင့်လိုက်ပါ။ ပြီးလျှင် Type Options အောက်မှာရှိတဲ့ Use Smart Quotes အကွက်လေးထဲကအမှန်ခြစ်လေးကို Click နှိပ်ပြီးဖြုတ်လိုက်ပါ။ [...]

HTML ဆိုတာဘာလဲ?

HTML ဆိုတာ ၀က်ဘ်ဆိုက်စာမျက်နှာတွေကို သတ်မှတ်ချက်ဘောင်တစ်ခုအတွင်းမှာ စနစ်ကျတဲ့ ပုံစံအမျိုးမျိုးရေးသားနိုင်ဖို့ သတ်မှတ်ဖန်တီးထားတဲ့ Language တစ်ခုပါ။ သူ့ကို 1989ခုနှစ်မှာ CERN ရဲ့ ရူပဗေဒပညာရှင် တင်ဘားနားစ်လီ(Tim Berners Lee) က စတင်ဖန်တီးရေးသားခဲ့ပါတယ်။ HTML ကို Tags ဆိုတဲ့ HTML ကသတ်မှတ်ထားတဲ့ ကိုယ်စားပြု code(သင်္ကေတ)လေးတွေ အသုံးပြုပြီး ရေးသားရပါတယ်။ အဲဒီ Tags လေးတွေကို HTML Tags လို့ခေါ်ပါတယ်။



HTML TAGS ဆိုတာ ဘာလဲ?

Html Tags ဆိုတာကိုမပြောခင်မှာ Tags ဆိုတာ ဘာလဲပြောပြပါ့မယ်။ Tags ဆိုတာကတော့ Formatting Elements လို့ခေါ်တဲ့ Browserက သိအောင်သတ်မှတ်ပေးထားတဲ့ ပုံစံချဖို့ အသုံးပြုတဲ့ ဘာသာစကား (Language) တစ်မျိုးပါ။ သူ့ကို Double Tag နဲ့ Single Tag ဆိုပြီး သတ်မှတ်ထားပါတယ်။

HTML TAGS ဆိုတာ ရေးသားထားတဲ့ စာမျက်နှာတွေကို Browser ပေါ်ကို ပုံစံချပြီး စနစ်တကျတင်နိုင်ဖို့ ကြားခံဘာသာပြန် အညွှန်းဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရေးချင်တဲ့ စာမျက်နှာပုံစံကို ဒီ HTML TAGS တွေနဲ့ ပုံစံချပြီး Browser ပေါ်ကိုတင်တဲ့အခါ Browser က စာမျက်နှာကို ဘယ်လိုပုံစံနဲ့ လူတွေကို ဖော်ပြရမလဲဆိုတာကို tags တွေရေးသားထားတာကို ဖတ်ပြီးတော့ tags တွေထဲမှာရေးသားထားတဲ့စာတွေကို tags တွေသတ်မှတ်ထားတဲ့ စာပိုဒ်ပုံစံတွေအဖြစ်ပြောင်းပြီးတော့ ဖော်ပြသွားမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် Browser က HTML Tag တွေရဲ့ပုံစံကို ဖတ်မှတ်ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ စာမျက်နှာပုံစံကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒီတော့ ၀က်ဘ်ဆိုက်တစ်ခုလုပ်ဖို့ရေးဖို့အတွက် ဒီ Html Tags တွေကို ပိုင်နိုင်အောင်သုံးတတ်ဖို့လိုပါတယ်။ HTML Tags ကိုဘယ်လိုရေးသားလဲဆိုတော့ “< ” (Less than) နဲ့ “> ”  (Greater than) သင်္ကေတလေးနှစ်ခုနဲ့ ရေးသားထားတဲ့ “< >” tag ဆိုတဲ့အရာလေးကို အဖွင့်Tag လို့ခေါ်ပြီးတော့ ၊ “< ” (Less than) ရယ် “/” မျဉ်းစောင်းလေးရယ်နဲ့ “> ”  (Greater than) သင်္ကေတလေးသုံးခုနဲ့ ရေးသားထားတဲ့ “</ >” tag ဆိုတဲ့အရာလေးကို အပိတ်Tag လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဒီလို <> အဖွင့်အပိတ် လေးနှစ်ခုနဲ့ရေးသားထားတဲ့ tag ကိုအဖွင့် Tag လို့ခေါ်ပြီးတော့ ဒီလို </> အဖွင့်၊ မျဉ်းစောင်း၊ အပိတ် လေးသုံးခုနဲ့ရေးသားထားတာကို အပိတ် Tag လို့ခေါ်ပါတယ်။

Tag ကို Single Tag နဲ့Double Tagဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။ Single Tag ဆိုတာကတော့ အဖွင့် Tag ဒါမှမဟုတ် အပိတ် Tag တစ်ခုတည်းနဲ့ သူ့လုပ်ဆောင်ချက်ကို လုပ်သွားနိုင်တဲ့ Tag အမျိုးအစားကိုခေါ်ပါတယ်။ ဥပမာ-</br> ဆိုတဲ့ Tag လေးက Single Tag ပါ။ Double Tag ကတော့ အဖွင့်တစ်ခုတည်းနဲ့လည်း ရပ်တည်ပြီး သူ့အလုပ်ကိုမလုပ်နိုင် အပိတ်တစ်ခုတည်းနဲ့လည်း ရပ်တည်ပြီး သူ့အလုပ်လုပ်ကိုမလုပ်နိုင် သေချာပေါက် အဖွင့်နဲ့ အပိတ်ကို ယှဉ်တွဲပြီးသုံးမှ အလုပ်လုပ်နိုင်တဲ့ Tag တွေကို ခေါ်ပါတယ်။ ဥပမာ- <html> </html> ဆိုတဲ့ Tag လေးက Double Tag လေးပါ။ ယေဘုယျအားဖြင့် Double Tag တွေကိုရေးသားနည်းကတော့ < tag နာမည်> ရေးသားချင်သောအကြောင်းအရာ </tag နာမည်> ဖြစ်ပြီးတော့ Single Tag တွေကိုတော့ <Tag နာမည် >ရေးသားချင်သော အကြောင်းအရာ ဒါမှမဟုတ် </Tag နာမည်> ရေးသားချင်သော အကြောင်းအရာ ဆိုပြီးတော့ ရေးသားနိုင်ပါတယ်။ Tag တွေရဲ့ အထဲက Tag နာမည်<Tag နာမည်>တွေက စာလုံးအကြီးအသေးမရွေးပါ(Case Sensitive မဖြစ်ပါ)။



HTML စာမျက်နှာတစ်ခု ဖွဲ့စည်းတည်ဆောက်ပုံ

<html>

          <head>

                   <title>Page Title</title>

          </head>

          <body>

          </body>

</html>

ဒီပုံစံလေးကတော့ html စရေးတော့မယ်ဆိုရင် ချပြီးမရေးမဖြစ် အမြဲရေးရမယ့် နမူနာပုံစံလေးပါ။ Html စာမျက်နှာတွေ ကိုယ်လိုချင်တဲ့ ပုံစံတွေသတ်မှတ်မယ်ဆိုလည်း ဒီပုံစံလေးအတွင်းမှာပဲ လိုအပ်တဲ့ Tags တွေကို ဖြည့်စွက်ပြီးရေးသားရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးပုံစံလေးကို အလွတ်ရအောင် မှတ်သားထားဖို့တော့ လိုပါတယ်။



Html စာမျက်နှာရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်မှုပုံစံ ပိုင်းဖြတ်ပုံ

Html စာမျက်နှာရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်မှုပုံစံကို_

Main Structure (အဓိက အစိတ်အပိုင်းကြီး)

<html>

</html>

Head (စာမျက်နှာခေါင်းစဉ်)

<head>

</head>

Body (စာမျက်နှာ ကိုယ်ထည်)

<body>

</body>

ဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ Main structure ထဲမှာပဲ ထပ်ပြီးတော့ Head အပိုင်းနဲ့ Body အပိုင်းဆိုပြီးခွဲခြားနိုင်ပါတယ်။

<Html></Html>ဆိုတဲ့ double tag လေးက စာမျက်နှာရဲ့ အစနဲ့အဆုံးကိုသတ်မှတ်ပေးပါတယ်။ စာမျက်နှာတိုင်းမှာ အစနဲ့အဆုံးကို သတ်မှတ်ပေးရမှာ ဖြစ်တဲ့အတွက် <html>အစ နဲ့ </html> အဆုံးကို မရေးမဖြစ်ရေးပေးရမှာပါ။ <head></head>ဆိုတဲ့ double tag လေးကတော့ စာမျက်နှာရဲ့ Browser မှာပေါ်စေချင်တဲ့ ခေါင်းစဉ်ကို သတ်မှတ်ပေးမယ့် Tag လေးဖြစ်ပါတယ်။ စာမျက်နှာတစ်ခုမှာ Style နဲ့ Script တွေထပ်ပေါင်းထည့်ပေးချင်တယ်ဆိုရင်လည်း <head></head> tag အထဲမှာပဲ ထည့်ရေးပေးရမှာဖြစ်ပါတယ်။ <body></body>tag ဆိုတာကတော့ ကိုယ်ထည်လို့ပြောထားတဲ့အတိုင်း ကျွန်တော်တို့ လိုချင်တဲ့ ပုံစံတွေရဖို့ ဒီအထဲမှာပဲ လိုအပ်တဲ့ Tag တွေနဲ့ စာတွေကို ရေးထည့်ပေးရမယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။ စာမျက်နှာတစ်ခုလုံးကို ဒီ <body></body>tag လေးထဲမှာပဲ ရေးရမှာ ဖြစ်ပါတယ်။

<html></html> (Html Tag)

ဒီ Tag လေးကတော့ double tag ခေါ် pair tag အမျိုးအစား(အစုံလိုက်ရေးရမယ့် tag အမျိုးအစား) ဖြစ်ပါတယ်။ Html စာမျက်နှာတစ်ခုရဲ့ အစနဲ့အဆုံး ဧရိယာကို သတ်မှတ်ပေးတဲ့ Tag လေးဖြစ်ပါတယ်။ <html> ဆိုပြီးစရေးတာတွေ့လိုက်ပြီဆိုတာနဲ့ html စာမျက်နှာတစ်ခုကို စပြီလို့ Browser ကသတ်မှတ်ပါတယ်။ </html> ဆိုပြီး အပိတ် Tag ကို တွေ့ပြီဆိုတာနဲ့လည်း Browser က html စာမျက်နှစ်တစ်ခု ဆုံးပြီလို့သတ်မှတ်ပေးပါတယ်။ ဒါကြောင့် html စာမျက်နှာရဲ့ အရေးအကြီးတဲ့ tag တွေထဲမှာ html စာမျက်နှာလို့ Browser သိအောင် လုပ်ဆောင်ပေးတဲ့ <html></html> ဆိုတဲ့ Tag လေးက အရေးအကြီးဆုံးဖြစ်ပါတယ်။



<head> </head> (Head tag )

လို့ ခေါ်ပါတယ်။ Browser window ရဲ့ title bar မှာ ခေါင်းစဉ်တပ်ချင်ရင် css တွေရေးဖို့ style tag တွေထည့်ချင်ရင် javascript တွေရေးဖို့ script tag တွေထည့်ချင်ရင် ဒီ tag အတွင်းမှာပဲ ရေးရမှာဖြစ်ပါတယ်။ ၀က်ဆိုက်တစ်ခုအတွက် အညွှန်းပေးချင်တဲအခါ ကိုယ့်ဝက်ဆိုက်အတွက် ဖော်ပြချက်တွေ ရေးချင်တဲ့အခါ သုံးတဲ့ <meta> tag ကိုလည်း ဒီ head tag အတွင်းမှာပဲရေးရမှာဖြစ်တဲ့ အတွက် head tag ကလည်း အရေးပါအရာရောက်တဲ့ tag တစ်ခုပဲဖြစ်ပါတယ်။

<title> </title> (Title tag)

title tag လို့ခေါ်ပါတယ်။ head tag အတွင်းမှာ ရေးသားရတဲ့ tag လေးတစ်ခုပါ။ Browser window မှာ ၀က်ဆိုက်နာမည်လေးပေါ်စေဖို့  စာမျက်နှာနာမည်လေးပေါ်စေဖို့အတွက် သုံးတဲ့ tag လေးတစ်ခုဖြစ်ပါတယ်။ မသုံးမဖြစ် သုံးသင့်တဲ့ Tag လေးပါ။

<body> </body> (Body Tag)

ဒါကတော့ တတိယ အရေးအကြီးဆုံး tag လို့ပြောလို့ရတဲ့ body tag ပါ။ စာမျက်နှာဖွဲ့စည်းဖို့ သုံးချင်တဲ့ Tag တွေ အားလုံးနီးပါးကို ဒီ Body Tag ထဲမှာပဲ ထည့်ပြီးရေးသားရမှာဖြစ်ပါတယ်။ ဒီTag ရဲ့အထဲမှာ တခြားTag တွေနဲ့ သတ်မှတ်ထိန်းချုပ်ပြီးတော့ ပုံတွေထည့်မယ် စာတွေရေးမယ် ဇယားတွေဆောက်မယ် စာတွေကို သူ့နေရာနဲ့သူ စနစ်တကျ layout ချပြီး (ပုံစချပြီး) ထားမယ်။ ဒီ tag လေးမပါဘဲနဲ့ ကိုယ်လုပ်ချင်တဲ့ ပုံစံတွေ ၀က်ဆိုက်စာမျက်နှာတွေကို ရေးလို့အဆင်မပြေပါဘူး။ tableless မဟုတ်ရင်ပေါ့။ layout (ပုံစံ) ချဖို့အတွက် လည်း ဒီ tag လေးထဲမှာပဲရေးရမှာပါပဲ။ အဲဒီ layout ထဲမှာ စာရေးဖို့လည်း ဒီ tag လေးပါမှ အထဲမှာ စာရေးလို့အဆင်ပြေမှာပါပဲ။ သားသမီးတွေကို ပုံစံခွက်ထဲထည့်ပြီး စနစ်တကျ ထိန်းချုပ်ပေးနေတဲ့ မိခင်လိုပါပဲ။ ဒီTag လေးက စာမျက်နှာတစ်ခု အထဲမှာစနစ်တကျရှိနေဖို့ သူ့အတွင်းမှာ ကျွန်တော်တို့သတ်မှတ်ထားတဲ့ ကျွန်တော်တို့ ရေးသားလိုက်သမျှ ထည့်လိုက်သမျှအရာတွေ အချက်အလက်တွေကို ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း စနစ်တကျ ထိန်းချုပ်ထားတယ်လေ။

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget