မြန်မာပြည်က user များသာ myspace.com ကိုသိပ်ပြီး မသုံးကြတာ နိုင်ငံခြားသားမှန်သမျှ myspace အကောင့်ရှိတယ် .. ကဲအခု myspace ID ကိုသိလိုက်တာနဲ့ ကိုလိုချင်တဲ့ သီချင်းကို hack ပြီး သီချင်းတွေကို ယူကြည့်ကြရအောင် ..
(၁) My space Mp3 Gopher ကို အရင် ဒေါင်းလိုက်ပါ ..
(၂) ကိုလိုချင်တဲ့ သီချင်းအမျိုးအစားကို music search ကပဲဖြစ်ဖြစ် ကြိုက်တဲ့ Myspace တစ်နေရာကနေ ရှာကြည့်ပေါ့ .. ဥပမာ electro house လား R & B လား၊ ဒါမှမဟုတ် RIP လား အစုံပဲပေါ့ အဲ့လိုရှာပြီးရင် သီချင်းကို ကြိုက်မကြိုက်နားထောင်ကြည့်လိုက်ပေါ့ ..
(၃) ကဲ ကျွန်တော်ကတော့ အခု http://profile.myspace.com/index.cfm?fuseaction=user.viewProfile&friendID=404618103 ဆိုတဲ့ url လိပ်စာက electro house သီချင်းတွေကိုကြိုက်လို့ အဲ့ကောင်လေးကို ဥပမာထားဦး ရှင်းပေးမယ်ဗျာ ... အဲ့ဒီ့သီချင်းတွေကို နားထောင်ကြည့်ပါဦး ကြိုက်ကြမှာပါ .. ပြီးရင်တော့ ကျွန်တော် အခုနက တင်ပေးထားတဲ့ my space mp3.Gopher ကို ဖွင့်ပြီး ID အကွက်မှာ အပေါ်က url လိပ်စာထဲက မှင်အနီနဲ့ပြထာတဲ့ ID နံပါတ်ကို ရိုက်ထည့်လိုက်ပါ .. သီချင်းနာမည်တွေနဲ့ သီချင်းတွေတွေ့တာနဲ့ ဘာမှစဉ်းစားမနေနဲ့ ကိုလိုချင်တဲ့ သီချင်းကိုနှိပ်ပစ်လိုက် ပြီးတာနဲ့ save လိုက်ပေါ့ .. ပြီးရင် download ကိုနှိပ်ပါ ... အားလုံးပြီးသွားရင် play ကို နှိပ်ပြီး သီချင်းကိုနားထောင်လို့ရပါပြီ .... စမ်းကြည့်ပါဦး ..
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.