USB thief နှင့် flash drive removal tool များ


အခုခေတ်မှာ USB stick နှင့် အချက်အလက်များ password များကို ခိုးနေတဲ့သူများ ရှိကြပါတယ် . အဲ့တော့ ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာကို keylogger များ ရန်မှ ကင်းဝေးပြီ ဆိုတာနဲ့ပဲ မိမိ password များကို အခိုးခံရမှုအတွက် စိတ်ချရသွားပြီလို့ မထင်လိုက်ပါနဲ့ . အခုတစ်နည်းနဲ့လဲ အခိုးခံသွားရ နိုင်ပါတယ် . အခုနည်းက usb stick ကနေ တစ်ဆင့် မိမိ အချက်အလက်များကို ယူသွားနိုင်ပါတယ် . နံပါတ်(၂) USB thief ဆိုတဲ့ program လေးဟာ ပေါ့ပေါ့ပါးပါးလေးပါ . ဒါပေမယ့် မိမိရဲ့ အချက်အလက်များကို ခဏလေးနဲ့ ခိုးယူနိုင်တဲ့ program တစ်ခုပါ . USB တစ်ချောင်းကို ကွန်ပျူတာထဲ ထိုးထည့်တာနဲ့တင် အဲ့ဒီ့ကွန်ပျူတာမှာ သုံးတဲ့ password မှန်သမျှဟာ အကုန်လုံး အဲ့ဒီ့ usb stick ထဲကို ရောက်ပါတယ် . browser ကနေ website များကို ၀င်သမျှ username and password အားလုံးက အဲ့ဒီ့ stick လေးထဲကို ရောက်သွားပါတယ် . အဲ့ဒါကြောင့် ဆိုင်တွင် ကွန်ပျူတာ သုံးမည့်သူများ သိထားသင့်တာက မိမိကွန်ပျူတာသုံးတော့မယ်ဆိုရင် အဲ့ဒီ့ကွန်ပျူတာမှာ usb stick များ မိမိမသုံးခင် ထိုးထားမထားကို စစ်ဆေးပါ . တွေ့ရင် ဖြုတ်ပစ်ကြပါ . ဆိုင်ရှင်များကလဲ မိမိက အသုံးပြုသုအပေါ်ကို ရိုသေတယ် ၊လေးစားတယ်ဆိုရင် မိမိကွန်ပျူတာမှာ usb stick များကို မထိုးနိုင်အောင် အခုဒီ aio tool ထဲမှာပါတဲ့ usb stick remover များထဲက တစ်ခုခုနှင့် ပိတ်ထားပါ . stick ထိုးသုံးချင်တဲ့သူ လာရင် အဲ့ဒီ့ stick ကို စစ်ဆေးပြီးမှ အသုံးခံပါ . ဒါဟာ မိမိက မိမိဆိုင်မှာ လာသုံးမည့် customer များကို take care လုပ်လိုက်တာပါပဲ . လာသုံးမည်သူများရဲ့ stick ကို ဖွင့်ပြီးတော့ usb thief program ထည့်ထားမထား စစ်ဆေးပေးပါ . စစ်ဆေးလို့တွေ့ရင် ဖျက်ပစ်လိုက်ပါ . နောက်ရက်မှာ တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံကို ပြန်ရှင်းပေးပါ့မယ် .

အသုံးဝင်ပုံကို အင်္ဂလိပ်လို ဖတ်ချင်သူများ ဒီမှာ ဖတ်လို့ရပါတယ် .
  1. USB to Ethernet Connector v2.4
  2. USB Thief
  3. USB Copy Notify v1.3.3
  4. USB Safely Remove v.3.31.617
  5. Password Protect USB v3.6.2
  6. USB Smart Samsung Tool v1.12
  7. ID USB Lock Key v1.2.2
  8. USB Tolls info / Contents

ကဲ အပေါ်ကဟာတွေထဲမှာ program ရှစ်မျိုးရှိပါတယ် . (no.2)USB thief ကတော့ 2009 ခုနှစ်ထုတ်ပါ . USB stick နှင့် အချက်အလက်များကို ခိုးယူတဲ့ program တစ်ခုပါပဲ . နောက်ထပ် ရှိပါသေးတယ် . အလျင်းသင့်ရင် သင့်သလို တင်သွားပေးပါ့မယ် . တစ်ခြား program တွေကတော့ သိတဲ့အတိုင်းပါပဲ usb stick များ မိမိ pc မှာ လာထိုးလို့မရအောင် usb port များကို lock ချထားမယ်မယ် . ပိတ်ထားမယ် . ကဲ သုံးကြည့်လိုက်ပါ . အသုံးပြုနည်းကိုတော့ ရေးမပေးတော့ပါဘူး . သုံးတတ်မယ်လို့ မျှော်လင့်ပါတယ် . လွယ်ပါတယ် သုံးကြည့်ပါ .

တစ်ခုခုလုပ်မယ်ဆိုတိုင်း ခံရတဲ့သူနေရာမှာ ကိုယ့်ရဲ့ ညီလေးတွေ ညီမလေးတွေကို မြင်ယောင်ကြည့်ပါ .

password = www.nyinaymin.com

up4vn.com | Rapidshare | Megaupload | Depositfiles | Mediafire | Ifile.it | Hotfile
Labels:

Post a Comment

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget