ဘလော့မှာ Share and Save Button လေး ထည့်ချင်ရင်

ဒါလေးကတော့ ဘလော့မှာ Share and Save button widget ထည့်နည်းလေးပါ။ ပို့စ်တစ်ပုဒ်ဆုံးတိုင်း ဒီ button လေး အမြဲရှိနေမှာ ဖြစ်ပါတယ်။ ထည့်နည်းလေးကလည်း လွယ်ပါတယ်။




(၁)
ကျနော်တို့ widget တွေ ထည့်တဲ့ ထုံးစံအတိုင်း Layout ထဲက Edit HTML ကိုသွားပါမယ်။
(၂)
Template ကို backup လုပ်ဖို့ မမေ့ပါနဲ့။
(၃)
backup လုပ်ပြီးသွားရင် Expand Widget Template ဆိုတာလေးကို Check ပေးလိုက်ပါ။
(၄)
ပြီးရင် <data:post.body/> ဆိုတာလေးကို (Ctrl+F) နဲ့ ရှာလိုက်ပါ။
(၅)
တွေ့ပြီဆိုရင် အောက်က Code တွေကို သူ့ရဲ့ နောက်မှာ ကပ်ပြီးထည့်ပေးလိုက်ပါ။ Read More ထည့်ထားတဲ့သူတွေအတွက် Read More widget ရဲ့ နောက်မှာ ထည့်ပေးရပါမယ်။


<!-- AddToAny Share/Save BEGIN -->
<br/><a class='a2a_dd' href='http://www.addtoany.com/share_save'><img alt='Share/Bookmark' border='0' src='http://static.addtoany.com/buttons/share_save_171_16.png' width='171' height='16'/><p class='a2a_linkname_escape' style='display:none'><data:post.title/></p></a><script type='text/javascript'>a2a_linkname_escape=1;a2a_linkurl="<data:post.url/>";</script><script src='http://static.addtoany.com/menu/page.js' type='text/javascript'></script>
<!-- AddToAny Share/Save END -->

(၆)
ထည့်ပြီးပြီဆိုရင်တော့ Preview အရင်ကြည့် လိုက်ပါအုံး။ အဆင်ပြေတယ်ဆိုရင်တော့ Save Template ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ပို့စ်တစ်ပိုဒ် ဆုံးတိုင်းဆုံးတိုင်းမှာ share & save ဆိုတာလေး အမြဲပါနေတော့မှာပါ။ ဒီ widget လေးထည့်ပေးထားခြင်းအားဖြင့် ကိုယ်ရေးထားတဲ့ ပို့စ်တစ်ပုဒ်ကို လွယ်လွယ်ကူကူ Sharing လုပ်သွားနိုင်ပါတယ်။ ဘလော့လာလည်တဲ့သူတွေ အဆင်ပြေစေမယ့် widget တစ်ခုပါခင်ဗျာ။ အားလုံး အဆင်ပြေကြပါစေ..
Widget ကို ကိုယ့်စိတ်ကြိုက်လုပ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်အတိုင်း မူရင်းနေရာကို သွားကြည့်နိုင်ပါတယ်။

Post a Comment

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget