Latest Post

Google Talk ကို Right clickလုပ်ပြီး properties ကို သွားလိုက်ပါ။ Google Talk Properties Barပေါ်လာပါလိမ့်မယ်။Target ထဲက startmenu ရဲ့နောက်မှာ Space Bar တစ်ချက်ပေးပြီး (/)မျဉ်းစောင်း ရိုက်ထည့်ပါ။ ပြီးရင် nomutexကို ရိုက်ထည့်လိုက်ပါ။ ပြီးတော့ OK နဲ့ထွက်ပြီး Google Talkကို နောက်ထပ် တစ်ကောင့်မက Openလို့ရပါတယ်။ အဆင်ပြေကြပါစေ .....

Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက်သော Email ကို အခြားသူမှဖတ်၊မဖတ်ကိုလွယ်ကူစွာမသိနိုင်ပါဘူး။ ယခုမှာကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပြီးရင်၊၎င်း Email ကိုဖတ်၊မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ
(IP Address + Geo Location)၊ ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊
အသုံးပြုသည့် Browser Details စတဲ့ Statistics ကိုလွယ်ကူစွာ သိရှိနိုင်ပါတယ်။
ကဲစိတ်ဝင်စားရင်ဆက်ဖတ်ရအောင်။

ပထမဆုံး အသုံးပြုလိုသည့် (From Email Account) နှင့် Didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။ (Name Display in Emailနေရာမှာ အသုံးပြုနေကျ နာမည်ကိုပဲရေးပါ။ နာမည်ပြောင်းရေလျှင် Email လက်ခံမည့်သူက ပို့နေကျလူဆိုရင်နာမည့်ပြောင်းလိုက်တဲ့ အတွက် သံသယဝင်သွားနိုင်ပါတယ်။) Register လုပ်ပြီးလျှင် မိမိအသုံးပြုသည့် Email ကိုဖွင့်ပါ။သင်၏ Gmail Account ကိုဖွင့်ပါ။ ပြီးလျှင် Compose Mail(သို့မဟုတ်)Forward Mail ကို ဖွင့်ပြီးလျှင် ပို့လိုသည့် Email ပိုင်ရှင် Account (To Address) ကို ရေးပါ။(Account လုပ်ထားသော Didtheyreadit.com မှာလည်း သွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်။)

အဓိကကျတဲ့ အချက်ကိုပြောပါ့မယ်။ ရေးလိုက်တဲ့ "Email Account" ရဲ့ နောက်ကကပ်လျှက် ".didtheyreadit.com" ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။
ဥပမာ ပို့လိုသည့် "Email Accountကyourfriend@gmail.com" ဖြစ်လျှင် ၎င်း "Account " ၏ နောက်ကပ်လျှက်မှာ ".didtheyreadit.com" ကိုပေါင်း၍ "yourfriend@gmail.com.didtheyreadit.com" ဟူ၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးရပါမယ်။ (Account) ၏နောက်မှာ ကပ်လျှက်ရေးလိုက်သော" .didtheyreadit.com" ကို တစ်ဖက်လူအနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး။) ပြီးလျှင် သင်ရေးလိုသည့် "Text" နှင့် "Attachments "များကို ရေး၍ ပုံမှန်အတိုင်း "Send" ကို "Click" နှိပ်၍ ပို့လိုက်ပါ။
တစ်ဖက်လူမှ သင်ပို့လိုက်သော "Email" ကိုဖတ်သည်နှင့် ဖတ်သည့်အချိန်၊ မည်မျှကြာကြာဖတ်သည်၊ဖတ်သည့်နေရာ"၊IP Address, Geo Location (Approximately), "အသုံးပြုတဲ့ "Browser Details "စတဲ့ " Statistics "ကို "Didtheyreadit.com" မှသင့်ထံသို့ "Report"လုပ်ပါလိမ့်မယ်။ဖတ်သည့်အကြိမ်တိုင်း သင့်ထံသို့ "Report" လုပ်ပါလိမ့်မယ်။ "Didtheyreadit.com" မှာ" Free Account "အနေနဲ့ တစ်လကို 10 စောင် Free ပို့နိုင်ပါတယ်။ Report Statistics ကို Notification Option မှာ သွားရောက် ပြုပြင်နိုင်ပါတယ်။ Desktop Email Client များဖြစ်တဲ့ Microsoft Outlook , Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်၍ ပို့လိုက်တဲ့ Email တိုင်းကို Report ပြုလုပ်ပေးရန် အသုံးပြုနိုင်ပါတယ်။

ကဲ G-talk မှာမိမိတို့လိုချင်တဲ့ ဘာသာပြန်စနစ်ကိုအကောင့်လေးအပ်လိုက်ယုံနဲ့အသုံးပြုနိုင်ပါပြီ။ကျွန်တော်

အတက်နိုင်ဆုံးစုစည်းဖော်ပြပေးထားပါတယ်။မိမိသိချင်တဲ့ဘာသာစကားကိုအကောင့်လေးအပ်ပြီးဘာသာပြန်

ယုံပါပဲ.....ဥပမာ- en2fr ဆို၇င် ကျွန်တော်တို့က Hello ၇ိုက်လိုက်၇င် သူက Hello ကို French လို HELLO

ကို BONJOUR လို့ပြန်ဖြေပေးမှာဖြစ်ပါတယ်




--------------------------------------------------------------------------------



Arabic – English ar2en@bot.talk.google.com
English -Arabic en2ar@bot.talk.google.com
English -Bulgarian en2bg bg2en
English -Czech en2cs cs2en
English -Danish en2da da2en
English -German en2de de2en
German - French fr2de de2fr
English -Greek el2en en2el
English -Spanish en2es es2en
English -Finnish en2fi fi2en
English -French en2fr fr2en
English -Hindi en2hi hi2en
English -Croatian en2h hr2en
English -Italian en2it it2en
English -Japanese en2ja ja2en
English -Korean en2ko ko2en
English -Dutch en2nl nl2en
English -Norwegian en2n no2en
English -Polish en2pl pl2en
English -Portuguese en2pt pt2en
English -Romanian en2ro ro2en
English -Russian en2r ru2en
English -Swedish en2sv sv2en
English -Chinese en2zh zh2en
Traditional Chinese -English zh-hant2en en2zh-hant
Traditional Chinese -Chinese zh-hant2zh zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပေးပါ။



အားလုံပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ........               

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။ Gmail မှာ Group ဆောက်ဖို့အတွက် ၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။
၂။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။
၃။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။
၎။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။
၅။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။
၆။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။
၇။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။
၈။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ အကုန်လုံးဆီကို အီးမေးလ်တွေ
ရောက်သွားပါလိမ့်မယ်။ွှုIT Man ရဲ့ဆိုဒ်ထဲကနေတွေ့လို့မျှဝေပေးလိုက်တာပါ

talk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။ 

                                                                                   လေးစားလျက်
                                                                   ...

အဲတာကြောင့်တင်ပေးတာပါ
နည်းပညာတွေတစ်ပြုံကြီးနားလည်ပါစေဗျာ
                                                                        

Old Gmail account ကိုဖွင့် ..
ပြီးရင် contacts ထဲဝင်၊ contacts
ထဲရောက်ရင် အပေါ်ညာဘက်ထောင့်ကို
လှမ်းကြည့်လိုက်၊ အဲဒီမှာ Import, Export, Print
ဆိုတာတွေ့မယ်။ အဲဒီ email အဟောင်းက
contacts တွေကိုအရင် Export လုပ်ပါ။
ဥပမာ အဲဒီ Export ဖိုင်က "Contacts.csv"
အမည်နဲ့ Desktop ပေါ်မှာ save လုပ်ပေးပါ
(Firefox) နဲ့ဆိုရင် Desktop ပေါ်မှာ default
အနေနဲ့ save ပေးလိမ့်မယ်။ save ပြီးရင်
ကိုယ်ထည့်ချင်တဲ့ Gmail အသစ်ကို ဖွင့်ပါ။
အပေါ်ကနည်းအတိုင်းပဲ contacts ထဲကိုဝင်ပြီး
Import ကိုနှိပ်၊ ပြီးရင် ကိုယ် save ထားတဲ့ဖိုင်
လေးကို ရွေးပြီးတော့ Import လုပ်ပေးလိုက်၊
သိပ်လွယ်တာပဲ။

ကိုယ့်ရဲ့  Gmail Inbox ထဲမှာ mail တွေရှာရတာအာရုံနောက်နေတယ်ဆိုရင် Filter ခွဲထားလိုက်ရင် အဆင်ပြေသွားမှာပါ။
ကိုယ် Filter ခွဲချင်တဲ့ mail ကိုအရင်ဆုံး Select လုပ်လိုက်ပါ။(Starred (ကြယ်ပုံ)ဘေးက လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
ပြီးရင် More actions ကိုနှိပ်ပါ။ အဲဒီထဲက Filter messages like these ကိုနှိပ်လိုက်ပါ။
Create a Filter ဆိုတဲ့ Box ကျလာပါလိမ့်မယ်။
Next Step> ကိုနှိပ်ပါ။

Skip the Inbox (Archive it)
Apply the label:
စတာတွေကို Select ပေးပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
Apply the label: Choose label... မှာ New label... ကိုရွေးပေးပါ။
New label... ဆိုတဲ့ box ကျလာပါမယ်။
ကိုယ်ခွဲတဲ့  Filter ရဲ့  Name ကိုရေးပေးပါ။
(ဥပမာ။ ။Foreverfriends ကပို့ တဲ့ မေးလ်ကို Filter ခွဲတယ်ဆိုရင် Foreverfriends လို့ ရေးပါ။)
ပြီးရင် Also apply filter to ? conversations below. ကို Select ပေးလိုက်ပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
ပြီးရင်တော့ Create Filter ကိုနှိပ်လိုက်ရင် Filter ခွဲလို့ ပြီးသွားပါပြီ။။။


မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget